Monday 2 November 2020

Different between window 32 bit and 64 bit operating system

 

မိမိ Computer (or) Laptop တွေမှာ Windowsတင်ဖို့အတွက်ဆို.. 32 bit OS နဲ့ 64 bit OS ကို​တော့ခွဲခြားသိဖို့လိုပါတယ်....
ဒီလိုဆို ... 🤔
✳ 32 bit OS နဲ့ 64 bit OS ကို ဘယ်လိုမျိုး ခွဲခြားမလဲ?
✳32 bit OS နဲ့ 64 bit OSရဲ့ လုပ်ဆောင်မှုစွမ်းရည်ကဘယ်လောက်ထိ ကွာခြားလဲ...?
ဆိုတာ..
ကျွန်ုပ်တို့ " ITsec Institute" မှ Teachel Lae Yamin Htut က သင်ကြားမှုအတွေ့အကြုံများ/ လုပ်ငန်းအတွေ့အကြုံများအရ ..
ITနည်းပညာကို ယခုမှစပြီးလေ့လာမည့်လူငယ်တွေအတွက် အောက်ပါအတိုင်း Knowledge Sharing လေးလုပ်ပေးထားတာ ဖြစ်ပါတယ်.... 🙏
ပထမဆုံးအနေနဲ့ Teachel ပြောပြချင်တာက Windows တင်တော့မည့်အခါ 32 bit တို့ 64 bit တို့ဆိုတာက Processor ရဲ့ လုပ်နိုင်စွမ်း Data တွေကို တွက်ချက်နိုင်စွမ်း နည်းပညာတွေပါလို့ပဲ အရင် မှတ်ထားလိုက်ပါ။
သိထားရမှာကတော့ 64 bit processor ရဲ့ လုပ်ဆောင်ချက်က 32 bit ထက် ပိုပြီး မြန်ဆန်သွက်လက်ပါတယ်။
32 bit OS တို့ 64 bit OS တို့က တော့ Operating System (Windows) ကို ပြောတာပါ.
👉 64 bits OS က RAM ပမာဏကို ပိုပြီး အသုံးချ နိုင်ပါတယ်။
👉32 bits OS က တော့ RAM ပမာဏ ကို အပြည့်အ၀ အသုံးမချနိုင်ဘူး။
👉64 bits OS က‌တော့ RAM ပမာဏ ကို 4GB အထက် သုံးနိုင်ပါတယ်။
#အဲတော့ မေးစရာတွေ ရှိလာပါလိမ့်မယ်. ၊ မိမိစက်မှာရှိတဲ့ OS က 32 bit OS လား 64 bit OS လား.ဘယ်မှာကြည့်ရမလည်းဆိုရင်.....
1. အလွယ်ဆုံးနည်းကတော့ My Computer ကို Right Click>> Properties >> General Tab မှာ လက်ရှိ windows အမျိုး အစားကိုပြပါတယ်။
ဥပမာအားဖြင့် >> Window 10 Pro 64 bit , Window 10 Enterprise 64 bit အစရှိသဖြင့်တွေ.ရပါလိမ့်မည်။
2. Run မှာ dxdiag လို့ ရိုက်ပါ.. အဲဒိမှာ Operating System မှာ ကြည့်ကြည့်ပါ.. 64 bit ဆိုရင် 64-bit လို့ ရေးထားပါလိမ့်မယ်.. x86(32 bit) ဆိုရင်တော့ ပုံမှန်ပဲ ပြထားပါလိမ့်မယ်။
3. နောက်တစ်နည်း ကတော့ Start Menu >> Run >> msinfo32 လို့ ရိုက်လိုက်ပါ.. အဲဒိမှာလည်း System type မှာ.. x86(32 bit) လား x64(64 bit) လားဆိုတာ ပြနေပါလိမ့်မယ်။
ကဲ! ဒါလေးကတော့ Windowsတင်မည့်အခါ သိထားရမည့်အကြောင်းအရာလေးဖြစ်ပါတယ်
နေ့တိုင်း IT နည်းပညာနဲ့ပတ်သက်ပြီး Knowledge လေးတွေ သင်ရိုးနည်းလေးတွေကို တင်ပေးသွားမှာဖြစ်လို့.. Page လေးကို Like & follow ထားပေးပါ
ITနည်းပညာနဲ့ပတ်သက်ပြီး သိချင်တဲ့ အကြောင်းအရာများရှိပါကComments မှာ ဖြစ်စေ , Messenger မှာဖြစ်စေ မေးမြန်းနိုင်ပါတယ် ...
6PM to 10PM အတွင်းပြန်လည် ဖြေကြားပေးမည်ဖြစ်ပါတယ်....
အားလုံးကိုကျေးဇူးတင်ပါတယ်။
Lae Yamin Htut (Lecturer)
#B.C.Tech (UCSH)
#Microsoft Certified Trainer (MCT)
#Microsoft Certified Solutions Associate (MCSA)
#AZ-103: Microsoft Azure Administrator Associate
#AZ-500: Microsoft Azure Security Technologies
 

 

No comments:

Post a Comment

Different between window 32 bit and 64 bit operating system

  မိမိ Computer (or) Laptop တွေမှာ Windowsတင်ဖို့အတွက်ဆို.. 32 bit OS နဲ့ 64 bit OS ကို​တော့ခွဲခြားသိဖို့လိုပါတယ်.... ဒီလိုဆို ... 32 bi...