Monday 2 November 2020

What is Linux

 

What is linux ..... ?
Linux ဆိုတာ ဘာလဲ မပြောခင်မှာ OS (Operating System ) အကြောင်းလေး နည်းနည်းလောက်ပြောလိုက်ရအောင် 😁
-----------------------------------------
Operating System OS ဆိုတာ machine ‌‌​ေတွနဲ့ လူတွေကို communication လုပ်ပေးထားတဲ့ Program တစ်ခုပေါ့။ အဲလို communicate လုပ်ဖို့ ကို လဲ kernel လိုခေါ်တဲ့ program တစ်ခုရေးထည့်ထားပေးရတယ်။ kernel ဆိုတာက‌ တော့ Operating System တစ်ခုရဲ့ core ပေါ့ဗျာ။ စက်တွေကို လူတွေက စေခိုင်းနိုင်ဖို့ကို ပြောရမယ်ဆိုရင် electronic device တွေဖြစ်တဲ့ computer အတွင်းမှာ အသုံးပြုထားသော CPU , RAM, ROM, Other Driver အစရှိသဖြင့် ဒီလို့ စက်တွေကို စေခိုင်းဖို့ အတွက် kernel တွေရေးထည့်ထားပြီး GUI လို့ခေါ်တဲ့ Graphical User Interface ‌နဲ့ User တွေနားလည်အောင်အသွင်ပြောင်းပြီးထိန်းချုပ်စေတယ်။ ဒါကတော့ OS အကြောင်းပေါ့ဗျာ။
OS မှာဆိုရင်လဲ distro ပေါင်းများစွာရှိပါတယ်။ နားလည်အောင် ပြောရမယ်ဆိုရင် မတူညီတဲ့ kernel ပေါင်းများစွာကို programer ပေါင်းများစွာကရေးထားကြတာပေါ့။ အဲ့လိုနဲ့ ပဲ OS distro တွေကလဲ အများကြီး ကွဲထွက် လာခဲ့တယ်။ window ဆိုတာလဲ OS တစ်ခုပေါ့။ ကျနော် အခုပြောမှာကတော့ Linux လို့ခေါ်တဲ့ OS ပဲဖြစ်ပါတယ်။
-----------------------------------------
Linux OS ကို 1992 မှာ Linux Trovald ဆိုသူက သူကဲ့ kernal ကို General Public Licence GPL ဖြင့် စတင်ခဲ့ပါတယ်။ Kernel တစ်ခုတည်းနဲ့တော့ ပြီးပြည့်စုံတဲ့ OS တစ်ခုမဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် တခြားလိုအပ်တဲ့ bash တို့ GNU compiler တို့ ကို GNU ကထောက်ပံ့ပေး ခဲ့‌တာကြောင့်လည်း GNU/Linux လို့ ခေါ်ခြင်းဖြစ်ပါတယ်။ အော်ပြီးတော့ GNU ဆိုတာကတော့ free software Foundation တစ်ခု ဖြစ်ပြီး Richard Stallman ကတည်ထောင်ခဲ့ပါတယ်။
အသေးစိတ်ကိုတော့ ဒီလင့်ကနေ၀င်ဖတ်နိုင်ပါတယ်..... https://www.gnu.org/home.en.html
GNU/linux ဟာ Opensource အမျိုး အစားပါ။
Opensource ဆိုတာကတော့ အလွယ်ဆုံးနားလည်အောင်ပြောရရင် Kernel ထဲကို ကြိုက်တဲ့ သူက ကြိုက် သလို၀င်ရောက်ပြီး coding တွေပြင်နိုင်တာကိုဆိုလိုတာပေါ့။ Opensource မဟုတ်ဘူးဆိုရင်တော့ ပြင်ခွင့်ရှိမှာမဟုတ်ပါဘူး တရားဆွဲလို့လဲရပါတယ်။
နောက်ပြီး Linux ဟာ GPL လိုင်စင်အောက်မှာရှိသည့်အတွက် လိုင်စဉ်အခမဲ့ ဖြစ်ပါတယ်။ တကယ်တော့ Linux လိုဆိုလိုက်ရင် တစ်ခုတည်း မဟုတ်ပဲ Linux kernel ကိုအ‌ေခြခံပြီး မွန်းမံပြင်ဆင်ထားတဲ့ distro ပေါင်းများစွာရှိနေပါ‌ သေးတယ်။
ဆက်လက်လေ့လာချင်တယ်ဆိုရင်တော့ https://distrowatch.com/ မှာဆက်လက်လေ့လာနိုင်ပါတယ်ခင်ဗျာ။
-သင်ဟာအခုဆို Linux history ကို အနည်းအကျဉ်းသိသွားပါပြီ။
-အဆုံးထိ ဖတ်သွားပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျ။

No comments:

Post a Comment

Different between window 32 bit and 64 bit operating system

  မိမိ Computer (or) Laptop တွေမှာ Windowsတင်ဖို့အတွက်ဆို.. 32 bit OS နဲ့ 64 bit OS ကို​တော့ခွဲခြားသိဖို့လိုပါတယ်.... ဒီလိုဆို ... 32 bi...